ကိုင်လီယန်ဘက်ပေးနှင့်နေမာတို့ဟာစနေနေ့ညတုန်းကParc des Princess တွင်မောင့်ပယ်လီယာကို၅-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ယခုရာသီပထမဆုံးအိမ်ကွင်းလီဂူး၁ပွဲစဉ်အပြီးတွင်အဝတ်အစားလဲခန်းအတွင်းမှာအချင်းများခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာလီဂူး၁ပထမဆုံးအိမ်ကွင်းပွဲတွင်မောင့်ပယ်လီယာကို၅-၂ဖြင့်အနိုင်ရခဲ့တယ်ဆိုပေမဲ့ယင်းပွဲစဉ်မှာထင်မှတ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ကိုင်လီယန်ဘက်ပေးဟာဂိုးမရှိသရေကျနေချိန်တွင်ပင်နယ်တီကန်ခွင့်ရခဲ့ပေမဲ့လည်းပြိုင်ဘက်ဂိုးသမားကာကွယ်သွားခဲ့ပါတယ်။ဒုတိယပိုင်းတွင်ပီအက်စ်ဂျီတို့ပင်နယ်တီ တစ်ကြိမ်ထပ်မံရရှိလာချိန်မှာတော့နေမာကယင်းပင်နယ်တီကိုကန်ခွင့်မပေးတော့ဘဲကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ယင်းပွဲစဉ်တွင်ဘက်ပေးက တစ်ဂိုးသွင်းခဲ့ပြီးနေမာကနှစ်ဂိုးအသီးသီးသွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ပွဲပြီးဆုံးချိန်အဝတ်အစားလဲခန်းအတွင်းသို့ရောက်ချိန်မှာတော့ဘက်ပေးဟာဒုတိယပင်နယ်တီကိုကန်ခွင့်မရမှုအတွက်ပေါက်ကွဲခဲ့ရာမှာနေမာနှင့်အချင်းများခဲ့ကြပါတယ်။ ဘက်ပေးနှင့်နေမာတို့ဟာထိုးသတ်လုနီးပါးအခြေအနေအထိဖြစ်ခဲ့ပြီးကစားဖော်များ၊နည်းပြအဖွဲ့ဝင်များဝင်ရောက်ထိန်းသိမ်းခဲ့ကြပါတယ်။၎င်းတို့ဟာလူချင်းကွဲသွားချိန်မှာလည်းတစ်ဦးနှင့်တစ်ဦးအပြန်အလှန်အော်ဟစ်ခဲ့ကြသလို ပစ္စည်းများဖြင့်လည်းပစ်ပေါက်ခဲ့ကြပါတယ်။ ဘက်ပေးဟာမောင့်ပယ်လီယာနှင့်ပွဲစဉ်တွင်ဗီတင်ဟိုတန်ပြန်တိုက်စစ်ဆင်နေချိန်မှာသူ့ထံဘောလုံးမပေးပို့ဘဲမက်ဆီထံပေးပို့ခဲ့မှုအတွက်ပြေးလွှားမှုကိုရပ်တန့်ကာသူ့စိတ်ပျက်မှုကိုပြသခဲ့သူလည်းဖြစ်ပါတယ်။ Zawgyi ကိုင္လီယန္ဘက္ေပးႏွင့္ေနမာတို႔ဟာစေနေန႔ညတုန္းကParc des Princess တြင္ေမာင့္ပယ္လီယာကို၅-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ယခုရာသီပထမဆုံးအိမ္ကြင္းလီဂူး၁ပြဲစဥ္အၿပီးတြင္အဝတ္အစားလဲခန္းအတြင္းမွာအခ်င္းမ်ားခဲ့ၾကပါတယ္။ ပီအက္စ္ဂ်ီဟာလီဂူး၁ပထမဆုံးအိမ္ကြင္းပြဲတြင္ေမာင့္ပယ္လီယာကို၅-၂ျဖင့္အႏိုင္ရခဲ့တယ္ဆိုေပမဲ့ယင္းပြဲစဥ္မွာထင္မွတ္ထားသလိုျဖစ္မလာခဲ့ပါဘူး။ ကိုင္လီယန္ဘက္ေပးဟာဂိုးမရွိသေရက်ေနခ်ိန္တြင္ပင္နယ္တီကန္ခြင့္ရခဲ့ေပမဲ့လည္းၿပိဳင္ဘက္ဂိုးသမားကာကြယ္သြားခဲ့ပါတယ္။ဒုတိယပိုင္းတြင္ပီအက္စ္ဂ်ီတို႔ပင္နယ္တီ တစ္ႀကိမ္ထပ္မံရရွိလာခ်ိန္မွာေတာ့ေနမာကယင္းပင္နယ္တီကိုကန္ခြင့္မေပးေတာ့ဘဲကိုယ္တိုင္ကန္သြင္းခဲ့ပါတယ္။ယင္းပြဲစဥ္တြင္ဘက္ေပးက
Continue reading