လာမယ့်ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ရရှိသွားမယ့်သူကို ရွေးချယ် ပေးလိုက်တဲ့ ဒေးဗစ်ဆီးမန်း

Posted by

ဂန်းနား ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီးမန်း က လာမယ့် ၂၂-၂၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု နှင့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိမယ့်သူ အဖြစ် ဟာလန်း ကို ရွေးချယ် ပေးလိုက်ပါတယ် ။

ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ခရစ္စတယ် ပဲလစ့် Vs အာဆင်နယ် ပွဲနှင့် အတူ စတင်တော့မှာ ဖြစ်ပါတယ် ။ ဒေးဗစ်ဆီမန်း က သူ့ရဲ့Podcast Seaman Says မှာ ” ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်း အခွင့်အရေး တစ်ချို့ လွဲချော် ခဲ့တာ ကျွန်တော် သိပါတယ် ။ ”

” ဒါပေမယ့် သူက နေရာကောင်း အချိန်ကောင်းကို ရောက်နေတာ ဖြစ်ပါတယ် ။ သူ့ဘေးမှာ ရှိနေတဲ့ ကစားသမားတွေက ဂိုးရဖို့ ပံ့ပိုး ပေးမယ့်သူတွေချည်းပါပဲ ၊ သူက တောင်ပံ ထွက်ကစားရမှာ မဟုတ်သလို ဟယ်ရီကိန်း လို အနောက်ထိ ဆင်းကစားရမှာ လည်း မဟုတ်ဘူးလေ ။ ”

” ရွှေဖိနပ်ဆုက ကိန်း နဲ့ ဟာလန်း နှစ်ဦး ယှဉ်ပြိုင် ရမယ်လို့ ထင်ပါတယ် ။ ဟာလန်း သာ စီးတီး ရဲ့ ပင်နယ်တီတွေ ကန်ခွင့်ရရင် ပိုပြီးတောင် အခရကျပါလိမ့်ဦးမယ် ၊ တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ရွေးပေးရမယ်ဆိုရင် ဟာလန်းကိုပဲ ရွေးချင်ပါတယ် ။

” ခန့်မှန်းလို့ ရတယ်မှန်း ကျွန်တော် သိပါတယ် ၊ ဒါပေမယ့် ဟာလန်း ဘာတွေ လုပ်ပြမလဲ ဆိုတာ ကြည့်ရဖို့ ကျွန်တော် စိတ်လှုပ်ရှား နေပါပြီ ။ ကျွန်တော်ကတော့ သူဟာ စီးတီး နဲ့ လုံးဝ အံကိုက် ဖြစ်တဲ့ ကစားသမား လို့ ထင်ပါတယ် ။ ”

ဆက်လက်ပြီး ဆီးမန်း က ” ကျွန်တော့်ရဲ့ Top Six ကတော့ အဆင့် ၁ မှာ လီဗာပူး ၊ ပြီးရင် မန်စီးတီး ၊ အာဆင်နယ် က အဆင့် ၃ နှင့် တော့တင်ဟမ် က အဆင့် ၄ ပေါ့ဗျာ ။မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး ကတော့ အဆင့် ၅ နှင့် ၆ ရပါလိမ့်မယ် ။ ”

” အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဘယ်လို သတ်မှတ်မလဲ လို့ ကျွန်တော့်ကို မေးကြပါတယ် ။ ကျွန်တော် ကတော့ မနှစ်ကထက် ပိုကောင်းလာတာ မှန်သမျှ ပဲလို့ ဖြေလိုက်ပါတယ် ၊ ပြီးခဲ့တဲ့ ရာသီကလည်း ကောင်းခဲ့ပါတယ် ၊ ဒါပေမယ့် ကိုယ့်ရဲ့ပြိုင်ဘက် မြောက်လန်ဒန် အသင်းက ကိုယ့်ကို ကျော်ဖြတ်ပီး ချန်ပီယံလိဂ် ဝင်ခွင့် ရသွားတာ စိတ်ပျက်စရာပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အခု ဥရောပ ပြိုင်ပွဲ ပြန်ကစားရပါပြီ ၊ ချန်ပီယံလိဂ်ထက်စာရင် ယူရိုပါလိဂ် ပြိုင်ပွဲ ကမှ ဗိုလ်စွဲဖို့ အခွင့်အရေး ပိုများပါတယ် ၊ အာဆင်နယ် အသင်း ရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုတွေကိုလည်း ကျေနပ်ပါတယ် ၊အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်မယ့်သူတွေကို ခေါ်ထားတာကြောင့်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Zawgyi

ဂန္းနား ဂႏၲဝင္ ဂိုးသမား ေဒးဗစ္ဆီးမန္း က လာမယ့္ ၂၂-၂၃ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆု ႏွင့္ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု ရရွိမယ့္သူ အျဖစ္ ဟာလန္း ကို ေ႐ြးခ်ယ္ ေပးလိုက္ပါတယ္ ။

ဒီေန႔ညမွာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲဟာ ခရစၥတယ္ ပဲလစ့္ Vs အာဆင္နယ္ ပြဲႏွင့္ အတူ စတင္ေတာ့မွာ ျဖစ္ပါတယ္ ။ ေဒးဗစ္ဆီမန္း က သူ႔ရဲ႕Podcast Seaman Says မွာ ” ကြန္ျမဴနတီဒိုင္းပြဲမွာ ဟာလန္း အခြင့္အေရး တစ္ခ်ိဳ႕ လြဲေခ်ာ္ ခဲ့တာ ကြၽန္ေတာ္ သိပါတယ္ ။ ”

” ဒါေပမယ့္ သူက ေနရာေကာင္း အခ်ိန္ေကာင္းကို ေရာက္ေနတာ ျဖစ္ပါတယ္ ။ သူ႔ေဘးမွာ ရွိေနတဲ့ ကစားသမားေတြက ဂိုးရဖို႔ ပံ့ပိုး ေပးမယ့္သူေတြခ်ည္းပါပဲ ၊ သူက ေတာင္ပံ ထြက္ကစားရမွာ မဟုတ္သလို ဟယ္ရီကိန္း လို အေနာက္ထိ ဆင္းကစားရမွာ လည္း မဟုတ္ဘူးေလ ။ ”

” ေ႐ႊဖိနပ္ဆုက ကိန္း နဲ႔ ဟာလန္း ႏွစ္ဦး ယွဥ္ၿပိဳင္ ရမယ္လို႔ ထင္ပါတယ္ ။ ဟာလန္း သာ စီးတီး ရဲ႕ ပင္နယ္တီေတြ ကန္ခြင့္ရရင္ ပိုၿပီးေတာင္ အခရက်ပါလိမ့္ဦးမယ္ ၊ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားကို ေ႐ြးေပးရမယ္ဆိုရင္ ဟာလန္းကိုပဲ ေ႐ြးခ်င္ပါတယ္ ။

” ခန႔္မွန္းလို႔ ရတယ္မွန္း ကြၽန္ေတာ္ သိပါတယ္ ၊ ဒါေပမယ့္ ဟာလန္း ဘာေတြ လုပ္ျပမလဲ ဆိုတာ ၾကည့္ရဖို႔ ကြၽန္ေတာ္ စိတ္လႈပ္ရွား ေနပါၿပီ ။ ကြၽန္ေတာ္ကေတာ့ သူဟာ စီးတီး နဲ႔ လုံးဝ အံကိုက္ ျဖစ္တဲ့ ကစားသမား လို႔ ထင္ပါတယ္ ။ ”

ဆက္လက္ၿပီး ဆီးမန္း က ” ကြၽန္ေတာ့္ရဲ႕ Top Six ကေတာ့ အဆင့္ ၁ မွာ လီဗာပူး ၊ ၿပီးရင္ မန္စီးတီး ၊ အာဆင္နယ္ က အဆင့္ ၃ ႏွင့္ ေတာ့တင္ဟမ္ က အဆင့္ ၄ ေပါ့ဗ်ာ ။မန္ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီး ကေတာ့ အဆင့္ ၅ ႏွင့္ ၆ ရပါလိမ့္မယ္ ။ ”

” အာဆင္နယ္ အတြက္ ေကာင္းမြန္တဲ့ ရာသီတစ္ခုကို ဘယ္လို သတ္မွတ္မလဲ လို႔ ကြၽန္ေတာ့္ကို ေမးၾကပါတယ္ ။ ကြၽန္ေတာ္ ကေတာ့ မႏွစ္ကထက္ ပိုေကာင္းလာတာ မွန္သမွ် ပဲလို႔ ေျဖလိုက္ပါတယ္ ၊ ၿပီးခဲ့တဲ့ ရာသီကလည္း ေကာင္းခဲ့ပါတယ္ ၊ ဒါေပမယ့္ ကိုယ့္ရဲ႕ၿပိဳင္ဘက္ ေျမာက္လန္ဒန္ အသင္းက ကိုယ့္ကို ေက်ာ္ျဖတ္ပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရသြားတာ စိတ္ပ်က္စရာပါပဲ ။ ”

” ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခု ဥေရာပ ၿပိဳင္ပြဲ ျပန္ကစားရပါၿပီ ၊ ခ်န္ပီယံလိဂ္ထက္စာရင္ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲ ကမွ ဗိုလ္စြဲဖို႔ အခြင့္အေရး ပိုမ်ားပါတယ္ ၊ အာဆင္နယ္ အသင္း ရဲ႕ ေႏြရာသီ ကစားသမား ေခၚယူမႈေတြကိုလည္း ေက်နပ္ပါတယ္ ၊အသင္းအတြက္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပႏိုင္မယ့္သူေတြကို ေခၚထားတာေၾကာင့္ပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

Leave a Reply

Your email address will not be published.