ရော်နယ်ဒိုက မန်ယူကိုသက်သေပြဖို့လိုနေတယ် – တန်းဟက်

Posted by

မန်ယူမန်နေဂျာသစ်တန်းဟက်က မန်ယူတွင် ရော်နယ်ဒိုအတွက် နေရာတစ်နေရာ ရှိနေသေးကြောင်း သို့ရာတွင် ရော်နယ်ဒိုကသာ မန်ယူနှင့် ထိုက်တန်ကြောင်းသက်သေပြရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ရော်နယ်ဒိုသည် ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းကြောင့် အသင်းပြောင်းလိုကြောင်း ထုတ်ဖော်ပြောဆိုပြီး အသင်းသစ်ရှာနေသော်လည်း လက်ရှိအချိန်အထိ ၎င်းကိုခေါ်ယူလိုသော အသင်းတစ်သင်းမျှ ထွက်ပေါ်လာခြင်းမရှိသေးချေ။ ရော်နယ်ဒိုသည် မန်ယူ၏ရာသီအကြိုခြေစမ်းခရီးစဉ်ကို

ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့် လိုက်ပါခြင်းမရှိပဲ ပြီးခဲ့သည့်လကုန်ကမျှ မန်ယူသို့ပြန်ရောက်လာခြင်း ဖြစ်သည်။ ရော်နယ်ဒိုသည် ဗယ်လီကာနိုနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရသော်လည်း ပထမပိုင်းအပြီးတွင် လူစားလဲခံရသည့် တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့သည်။ ရော်နယ်ဒိုသည်

ဗယ်လီကာနိုပွဲမပြီးမီတွင် အိုးထရက်ဖို့မှထွက်ခွာ၍ အိမ်ပြန်သွားသောကြောင့် တန်းဟက်က မကျေမနပ်ဖြစ်ခဲ့သည်။ တန်းဟက်က ထိုသို့သော အပြုအမူကိုလက်ခံ၍မရကြောင်း ဘောလုံးကစားနည်းသည် အသင်းလိုက်ကစားနည်းဖြစ်ပြီး ပွဲသည်အထိ အသင်းနှင့်အတူရှိနေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

လက်ရှိအခြေအနေများအရ ရော်နယ်ဒိုသည် မန်ယူတွင်ဆက်နေရရန်ရှိနေသည်။ တန်းဟက်က ရော်နယ်ဒိုသည် နာမည်ကြီးကစားသမားတစ်ဦးဖြစ်နေခြင်းကြောင့် အသင်းတွင် နေရာရမည်ဟု အာမခံချက်မရှိကြောင်း သတိပေးပြောဆိုလိုက်သည်။

“သူကအသင်းနဲ့အံဝင်နိုင်ပါတယ်။ သူအတွက်နေရာတစ်နေရာရှိနိုင်ပါတယ်။ ရော်နယ်ဒိုက ကစားသမားကောင်းဆိုတာ အကြိမ်များစွာသက်သေပြပြီးသားပါ။ ဒါပေမယ့် ဘောလုံးလောက မှာ လက်ရှိအနေအထားနဲ့ခြေစွမ်းကို

ပဲ သုံးသပ်ဆုံးဖြတ်ရတဲ့အတွက် အရင်က ကိစ္စတွေထက် အခုခြေစွမ်းကောင်းဖို့က အရေးကြီးပါတယ်။ အသင်းရော ရော်နယ်ဒိုကိုယ်နှိုက်ကပါ သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

Zawgyi

မန္ယူမန္ေနဂ်ာသစ္တန္းဟက္က မန္ယူတြင္ ေရာ္နယ္ဒိုအတြက္ ေနရာတစ္ေနရာ ရွိေနေသးေၾကာင္း သို႔ရာတြင္ ေရာ္နယ္ဒိုကသာ မန္ယူႏွင့္ ထိုက္တန္ေၾကာင္းသက္ေသျပရန္ လိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ေရာ္နယ္ဒိုသည္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရျခင္းေၾကာင့္ အသင္းေျပာင္းလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုၿပီး အသင္းသစ္ရွာေနေသာ္လည္း လက္ရွိအခ်ိန္အထိ ၎ကိုေခၚယူလိုေသာ အသင္းတစ္သင္းမွ် ထြက္ေပၚလာျခင္းမရွိေသးေခ်။ ေရာ္နယ္ဒိုသည္ မန္ယူ၏ရာသီအႀကိဳေျခစမ္းခရီးစဥ္ကို

ပုဂၢိဳလ္ေရး အေၾကာင္းျပခ်က္ျဖင့္ လိုက္ပါျခင္းမရွိပဲ ၿပီးခဲ့သည့္လကုန္ကမွ် မန္ယူသို႔ျပန္ေရာက္လာျခင္း ျဖစ္သည္။ ေရာ္နယ္ဒိုသည္ ဗယ္လီကာႏိုႏွင့္ပြဲတြင္ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္ရေသာ္လည္း ပထမပိုင္းအၿပီးတြင္ လူစားလဲခံရသည့္ တစ္ဦးတည္းေသာကစားသမားျဖစ္ခဲ့သည္။ ေရာ္နယ္ဒိုသည္

ဗယ္လီကာႏိုပြဲမၿပီးမီတြင္ အိုးထရက္ဖို႔မွထြက္ခြာ၍ အိမ္ျပန္သြားေသာေၾကာင့္ တန္းဟက္က မေက်မနပ္ျဖစ္ခဲ့သည္။ တန္းဟက္က ထိုသို႔ေသာ အျပဳအမူကိုလက္ခံ၍မရေၾကာင္း ေဘာလုံးကစားနည္းသည္ အသင္းလိုက္ကစားနည္းျဖစ္ၿပီး ပြဲသည္အထိ အသင္းႏွင့္အတူရွိေနရန္ လိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

လက္ရွိအေျခအေနမ်ားအရ ေရာ္နယ္ဒိုသည္ မန္ယူတြင္ဆက္ေနရရန္ရွိေနသည္။ တန္းဟက္က ေရာ္နယ္ဒိုသည္ နာမည္ႀကီးကစားသမားတစ္ဦးျဖစ္ေနျခင္းေၾကာင့္ အသင္းတြင္ ေနရာရမည္ဟု အာမခံခ်က္မရွိေၾကာင္း သတိေပးေျပာဆိုလိုက္သည္။

“သူကအသင္းနဲ႔အံဝင္ႏိုင္ပါတယ္။ သူအတြက္ေနရာတစ္ေနရာရွိႏိုင္ပါတယ္။ ေရာ္နယ္ဒိုက ကစားသမားေကာင္းဆိုတာ အႀကိမ္မ်ားစြာသက္ေသျပၿပီးသားပါ။ ဒါေပမယ့္ ေဘာလုံးေလာက မွာ လက္ရွိအေနအထားနဲ႔ေျခစြမ္းကို

ပဲ သုံးသပ္ဆုံးျဖတ္ရတဲ့အတြက္ အရင္က ကိစၥေတြထက္ အခုေျခစြမ္းေကာင္းဖို႔က အေရးႀကီးပါတယ္။ အသင္းေရာ ေရာ္နယ္ဒိုကိုယ္ႏႈိက္ကပါ သက္ေသျပႏိုင္ဖို႔ လိုအပ္ပါတယ္”ဟု တန္းဟက္က ေျပာဆိုလိုက္သည္။

Leave a Reply

Your email address will not be published.