မန်ချက်စတာယူနိုက်တက်ကထွက်ခွာဖို့ ကြိုးစားနေပေမယ့် ခေါ်ယူမယ့်အသင်းမရှိလို့ အခက်တွေ့နေတဲ့ရော်နယ်ဒိုကို သူတို့ အမှန်တကယ်ခေါ်ယူချင်ပါတယ်လို့ ပြောဆိုပြီး စိတ်ဝင်စားနေကြောင်း အတည်ပြုတဲ့အသင်းထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီအသင်းကတော့ ဘရာဇီးလ်ကလပ်ကိုရင်သီယန်ဖြစ်ပြီး အသင်းဥက္ကဌဒူလီယိုမွန်တီရိုအဲလ်ဗက်စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်တဲ့ ဆန္ဒကြောင့် ယူနိုက်တက်ကနေ ဒုတိယအကြိမ်ထွက်ခွာဖို့ အားထုတ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်က သူတို့ကစားသမားကို ရောင်းချမှမဟုတ်ဘူးလို့ ဆုံးဖြတ်ထားသလို ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားတဲ့အသင်းကလည်း မရှိသလောက်နည်းပါးနေခဲ့တာဖြစ်ပါတယ်။ Mundo Deprotivo သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲလ်ဗက်စ်က အခုလိုပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“အဲဒါအမှန်ပါ၊ ကျနော့်ရဲ့ကြီးမားတဲ့အိပ်မက်၊ ကိုရင်သီယန်သားတွေရဲ့ အိပ်မက်လည်းဖြစ်ပါတယ်၊ ဘောလုံးမှာ အရာအားလုံးကဖြစ်နိုင်ပါတယ်၊ ကိုရင်သီယန်အတွက်လည်း ကျနော်အကောင်းဆုံးဖြစ်အောင်ကို လုပ်ပေးချင်နေခဲ့တာပါ”
“ဒါက မဖြစ်နိုင်ဘူးလား? ကျနော်မသိဘူး၊ ကျနော်တို့မကြိုးစားရသေးဘူး၊ မစုံစမ်းရသေးပါဘူး၊ ဖြစ်နိုင်စရာလည်း အများကြိးတော့မရှိပေမယ့် ကျနော်တို့ သူ့ကိုစောင့်ကြည့်နေပါတယ်၊ သူများ ရုတ်တရက် ဘရာဇီးလ်မှာကစားဖို့ စိတ်ကူးမလားလို့ပေါ့လေ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အသင်းတသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
Zawgyi
မန္ခ်က္စတာယူႏိုက္တက္ကထြက္ခြာဖို႔ ႀကိဳးစားေနေပမယ့္ ေခၚယူမယ့္အသင္းမရွိလို႔ အခက္ေတြ႕ေနတဲ့ေရာ္နယ္ဒိုကို သူတို႔ အမွန္တကယ္ေခၚယူခ်င္ပါတယ္လို႔ ေျပာဆိုၿပီး စိတ္ဝင္စားေနေၾကာင္း အတည္ျပဳတဲ့အသင္းထြက္ေပၚလာခဲ့ပါတယ္။
အဲဒီအသင္းကေတာ့ ဘရာဇီးလ္ကလပ္ကိုရင္သီယန္ျဖစ္ၿပီး အသင္းဥကၠဌဒူလီယိုမြန္တီ႐ိုအဲလ္ဗက္စ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ကစားခ်င္တဲ့ ဆႏၵေၾကာင့္ ယူႏိုက္တက္ကေန ဒုတိယအႀကိမ္ထြက္ခြာဖို႔ အားထုတ္ေနတာျဖစ္ပါတယ္။
ဒါေပမယ့္ ယူႏိုက္တက္က သူတို႔ကစားသမားကို ေရာင္းခ်မွမဟုတ္ဘူးလို႔ ဆုံးျဖတ္ထားသလို ေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားတဲ့အသင္းကလည္း မရွိသေလာက္နည္းပါးေနခဲ့တာျဖစ္ပါတယ္။ Mundo Deprotivo သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဲလ္ဗက္စ္က အခုလိုေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
“အဲဒါအမွန္ပါ၊ က်ေနာ့္ရဲ႕ႀကီးမားတဲ့အိပ္မက္၊ ကိုရင္သီယန္သားေတြရဲ႕ အိပ္မက္လည္းျဖစ္ပါတယ္၊ ေဘာလုံးမွာ အရာအားလုံးကျဖစ္ႏိုင္ပါတယ္၊ ကိုရင္သီယန္အတြက္လည္း က်ေနာ္အေကာင္းဆုံးျဖစ္ေအာင္ကို လုပ္ေပးခ်င္ေနခဲ့တာပါ”
“ဒါက မျဖစ္ႏိုင္ဘူးလား? က်ေနာ္မသိဘူး၊ က်ေနာ္တို႔မႀကိဳးစားရေသးဘူး၊ မစုံစမ္းရေသးပါဘူး၊ ျဖစ္ႏိုင္စရာလည္း အမ်ားႀကိးေတာ့မရွိေပမယ့္ က်ေနာ္တို႔ သူ႔ကိုေစာင့္ၾကည့္ေနပါတယ္၊ သူမ်ား ႐ုတ္တရက္ ဘရာဇီးလ္မွာကစားဖို႔ စိတ္ကူးမလားလို႔ေပါ့ေလ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ရထားတဲ့ အသင္းတသင္းဆီကိုပဲ ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။