ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှ တန်းဆင်းရမယ်လို့ ဘောလုံးဒိုင်များယုံကြည်နေ

Posted by

ဘောလုံးဒိုင်များဟာမန်ချက်စတာယူနိုက်တက်ကိုယခုရာသီတွင်ပရီးမီးယားလိဂ်မှတန်းဆင်းရမယ်လို့ယုံကြည်နေကာ ကြေးဖွင့်လှစ်မှုပြုလုပ်လာကြပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုးရွားတဲ့ပရီးမီးယားလိဂ်ရာသီတစ်ခုကြုံတွေ့ခဲ့ရပြီးတဲ့နောက်နည်းပြသစ်အဖြစ်အဲရစ်တန်ဟက်ကိုခန့်အပ်ထားပါတယ်။

၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကပေးဂိုး၅၆ဂိုးအထိရှိခဲ့ပြီးအဆင့်၆နေရာမှာသာရပ်တည်နိုင်ခဲ့ကာချန်ပီယံလိဂ်ဝင်ခွင့်လွဲခဲ့ရပါတယ်။
အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာထိုင်းနှင့်ဩစတြေးလျခြေစမ်းပွဲများတွင်

လီဗာပူးနှင့်ခရစ္စတယ်ပဲလေ့စ်တို့ကိုအနိုင်ယူနိုင်ခဲ့ပေမဲ့လည်း အက်သလက်တီကိုအားရှုံးနိမ့်ကာဗယ်လီကာနိုနှင့်သရေသာကျခဲ့ပါတယ်
ဒါကြောင့်လည်းဝီလီယံဟေးလ်အပါအဝင်ဘောလုံးဒိုင်များကယူနိုက်တက်ကို တန်းဆင်းရနိုင်တယ်ဆိုပြီးပုံမှန်မဟုတ်တဲ့ဖွင့်လှစ်မှုပြုလုပ်လာပါတယ်။

ယူနိုက်တက်ကိုပရီးမီးယားလိဂ်ကြေးဖွင့်ထားမှုအရ ချန်ပီယံဖြစ်ရန် (၅/၁)၊ထိပ်ဆုံးလေးသင်းဝင်ရန် (၇/၄)၊ထိပ်ဆုံး၁၀သင်းစာရင်းဝင်ရန် (၁/၁၂)၊တန်းဆင်းရရန်(၂၅၀/၁)ဆိုပြီးဖွင့်လှစ်ခြင်းခံထားရပါတယ်။

ယူနိုက်တက်ဟာပရီးမီးယားလိဂ်မှတန်းဆင်းရမယ်ဆိုပြီး၂၅၀/၁ဖွင့်လှစ်ခြင်းခံထားရတာပါ။ဒါကိုကြည့်ရင်ဒိုင်တွေကလည်းယူနိုက်တက်ကိုတန်းဆင်းရနိုင်တယ်လို့ယူဆနေတယ်လို့ယုံကြည်နေကြပါတယ်။

ဝီလီယံဟေးလ်မှပြောရေးဆိုင်ခွင့်ရှိသူတိုနီကန်နီက “ပရီးမီးယားလိဂ်မှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ယူနိုက်တက်ကိုတန်းဆင်းရမယ်ဆိုပြီး၂၅၀/၁ဖွင့်လှစ်ထားမှုကိုကြည့်ရင်မဖြစ်နိုင်တဲ့ကြေးမျိုးပါ။ပြီးတော့လောင်းနေကြတာလည်းအများကြီးရှိပါတယ်”လို့ပြောကြားသွားပါတယ်။ယူနိုက်ကတ်ဟာတနင်္ဂနွေနေ့တွင်ဘရိုက်တန်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။

Zawgyi

ေဘာလုံးဒိုင္မ်ားဟာမန္ခ်က္စတာယူႏိုက္တက္ကိုယခုရာသီတြင္ပရီးမီးယားလိဂ္မွတန္းဆင္းရမယ္လို႔ယုံၾကည္ေနကာ ေၾကးဖြင့္လွစ္မႈျပဳလုပ္လာၾကပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဆိုး႐ြားတဲ့ပရီးမီးယားလိဂ္ရာသီတစ္ခုႀကဳံေတြ႕ခဲ့ရၿပီးတဲ့ေနာက္နည္းျပသစ္အျဖစ္အဲရစ္တန္ဟက္ကိုခန႔္အပ္ထားပါတယ္။

၎တို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကေပးဂိုး၅၆ဂိုးအထိရွိခဲ့ၿပီးအဆင့္၆ေနရာမွာသာရပ္တည္ႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဝင္ခြင့္လြဲခဲ့ရပါတယ္။
အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာထိုင္းႏွင့္ဩစေၾတးလ်ေျခစမ္းပြဲမ်ားတြင္

လီဗာပူးႏွင့္ခရစၥတယ္ပဲေလ့စ္တို႔ကိုအႏိုင္ယူႏိုင္ခဲ့ေပမဲ့လည္း အက္သလက္တီကိုအားရႈံးနိမ့္ကာဗယ္လီကာႏိုႏွင့္သေရသာက်ခဲ့ပါတယ္
ဒါေၾကာင့္လည္းဝီလီယံေဟးလ္အပါအဝင္ေဘာလုံးဒိုင္မ်ားကယူႏိုက္တက္ကို တန္းဆင္းရႏိုင္တယ္ဆိုၿပီးပုံမွန္မဟုတ္တဲ့ဖြင့္လွစ္မႈျပဳလုပ္လာပါတယ္။

ယူႏိုက္တက္ကိုပရီးမီးယားလိဂ္ေၾကးဖြင့္ထားမႈအရ ခ်န္ပီယံျဖစ္ရန္ (၅/၁)၊ထိပ္ဆုံးေလးသင္းဝင္ရန္ (၇/၄)၊ထိပ္ဆုံး၁၀သင္းစာရင္းဝင္ရန္ (၁/၁၂)၊တန္းဆင္းရရန္(၂၅၀/၁)ဆိုၿပီးဖြင့္လွစ္ျခင္းခံထားရပါတယ္။

ယူႏိုက္တက္ဟာပရီးမီးယားလိဂ္မွတန္းဆင္းရမယ္ဆိုၿပီး၂၅၀/၁ဖြင့္လွစ္ျခင္းခံထားရတာပါ။ဒါကိုၾကည့္ရင္ဒိုင္ေတြကလည္းယူႏိုက္တက္ကိုတန္းဆင္းရႏိုင္တယ္လို႔ယူဆေနတယ္လို႔ယုံၾကည္ေနၾကပါတယ္။

ဝီလီယံေဟးလ္မွေျပာေရးဆိုင္ခြင့္ရွိသူတိုနီကန္နီက “ပရီးမီးယားလိဂ္မွာမျဖစ္ႏိုင္ဘူးဆိုတာမရွိပါဘူး။ယူႏိုက္တက္ကိုတန္းဆင္းရမယ္ဆိုၿပီး၂၅၀/၁ဖြင့္လွစ္ထားမႈကိုၾကည့္ရင္မျဖစ္ႏိုင္တဲ့ေၾကးမ်ိဳးပါ။ၿပီးေတာ့ေလာင္းေနၾကတာလည္းအမ်ားႀကီးရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။ယူႏိုက္ကတ္ဟာတနဂၤေႏြေန႔တြင္ဘ႐ိုက္တန္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကစားရပါမယ္။

Leave a Reply

Your email address will not be published.