ယခုနှစ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်က ဖျက်မြင်းဖြစ်လာနိုင်ပြီး စတားလင်းက ရွှေဖိနပ်ဆုရနိုင်ကြောင်း အဂွဲရိုး ဟောကိန်းထုတ်

Posted by

မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်းအဂွဲရိုးက အာဆင်နယ်သည် ယခုနှစ်ပရီးမီးယားလိဂ်တွင် ဖျက်မြင်း ဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်ကို အံ့ဩဖွယ်ရာ အရယူပေးသွားရန်အခွင့်အရေးရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

လက်ရှိအာဆင်နယ်အသင်းမန်နေဂျာ အာတီတာသည် မန်စီးတီးတွင် ဂွာဒီယိုလာ၏လက်ထောက်လုပ်စဉ်က အဂွဲရိုးနှင့်ဆုံခဲ့ပြီး အာတီတာ၏ အလုပ်လုပ်အားနှုန်းကို အဂွဲရိုးက ချီးကျူးပြောဆိုလိုက်သည်။

အဂွဲရိုးက အာတီတာ၏အာဆင်နယ်တွင် တည်ဆောက်နေသော အသင်းသစ်သည် တဖြည်းဖြည်းပြည့်စုံ လာနေပြီး ယခုနှစ်တွင် မန်စီးတီးနှင့်လီဗာပူးသည်သာ အင်အားအကောင်းဆုံးအသင်းဖြစ်ကြောင်း မန်စီးတီးသည် ပရီးမီးယားလိဂ်ဖလားအရယူရန် ရေပန်းအစားဆုံးအသင်းဖြစ်ကြောင်းလည်း ပြောဆိုလိုက်သည်။

“ဒီနှစ်မှာလည်း ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တယ်ဆိုတာကို သက်သေပြသွား ဦးမှာပဲဖြစ်ပါတယ်။ ဗိုလ်စွဲမယ့်အသင်းကိုရွေးပါဆိုရင်တော့ မန်စီးတီးအသင်းကိုပဲ ရွေးရပါလိမ့်မယ်။ နောက်ပြီးရင်တော့ လီဗာပူး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပေါ့။

အာဆင်နယ်က အကောင်းဆုံးအားဖြည့်ထားနိုင်ပြီး ရာသီအကြိုမှာလည်း ခြေစွမ်းကောင်းတွေပြထားနိုင်တယ်။ အာဆင်နယ်ကို ဂရုစိုက်ကြည့်သင့်ပါတယ်။ သူတို့က အာတီတာလက်အောက်မှာ အကောင်းဆုံးစုစည်း ထားနိုင်ပြီး ဒီနှစ်ဘောလုံးရာသီမှာ တစ်စုံတစ်ရာဖန်တီးပေးနိုင်မယ်လို့ထင်ပါတယ်။

မန်စီးတီးရဲ့ အားသာချက်ကတော့ ကွင်းထဲမှာ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိတဲ့ ဘောလုံးသမားတစ်စု မှာဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ကိုပေါင်းထည့်ထားတာပါပဲ။ သူတို့က ပရီးမီးယားလိဂ်နဲ့ အသားကျဖို့လိုတယ်ဆိုပေမယ့် ကစားသမားကောင်းဆိုတာ အသားကျဖို့အချိန်မလိုဘူးလို့လည်း ဂွာဒီယိုာက ပြောပါတယ်”ဟု အဂွဲရိုးက ပြောဆိုလိုက်သည်။

အာတီတာသည်လူငယ်ကစားသမားများနှင့်တိုက်စစ်ဦးစားပေးသည့် အသင်းတစ်သင်းကိုတည်ဆောက် နေပြီး ကစားသမားသစ်များထပ်ခေါ်ဦးမည်ဟုလည်းပြောဆိုနေသည်။ အာဆင်နယ်သည် သောကြာနေ့ညတွင် ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အဂွဲရိုးက ယခုနှစ်ပရီးမီးယားလိဂ်တွင်အဲဗာတန်သည်လည်း အံ့ဩစရာများဖန်တီးလာနိုင်ကြောင်းနှင့် စတားလင်းသည် ရွှေဖိနပ်ဆုရနိုင်သည်ကြောင်း ဟောကိန်းထုတ်လိုက်သည်။

Zawgyi

မန္စီးတီးအသင္းတိုက္စစ္မႉးေဟာင္းအဂြဲ႐ိုးက အာဆင္နယ္သည္ ယခုႏွစ္ပရီးမီးယားလိဂ္တြင္ ဖ်က္ျမင္း ျဖစ္လာႏိုင္ၿပီး ပရီးမီးယားလိဂ္ကို အံ့ဩဖြယ္ရာ အရယူေပးသြားရန္အခြင့္အေရးရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

လက္ရွိအာဆင္နယ္အသင္းမန္ေနဂ်ာ အာတီတာသည္ မန္စီးတီးတြင္ ဂြာဒီယိုလာ၏လက္ေထာက္လုပ္စဥ္က အဂြဲ႐ိုးႏွင့္ဆုံခဲ့ၿပီး အာတီတာ၏ အလုပ္လုပ္အားႏႈန္းကို အဂြဲ႐ိုးက ခ်ီးက်ဴးေျပာဆိုလိုက္သည္။

အဂြဲ႐ိုးက အာတီတာ၏အာဆင္နယ္တြင္ တည္ေဆာက္ေနေသာ အသင္းသစ္သည္ တျဖည္းျဖည္းျပည့္စုံ လာေနၿပီး ယခုႏွစ္တြင္ မန္စီးတီးႏွင့္လီဗာပူးသည္သာ အင္အားအေကာင္းဆုံးအသင္းျဖစ္ေၾကာင္း မန္စီးတီးသည္ ပရီးမီးယားလိဂ္ဖလားအရယူရန္ ေရပန္းအစားဆုံးအသင္းျဖစ္ေၾကာင္းလည္း ေျပာဆိုလိုက္သည္။

“ဒီႏွစ္မွာလည္း ပရီးမီးယားလိဂ္ဆိုတာ ကမာၻ႔အေကာင္းဆုံးလိဂ္ျဖစ္တယ္ဆိုတာကို သက္ေသျပသြား ဦးမွာပဲျဖစ္ပါတယ္။ ဗိုလ္စြဲမယ့္အသင္းကိုေ႐ြးပါဆိုရင္ေတာ့ မန္စီးတီးအသင္းကိုပဲ ေ႐ြးရပါလိမ့္မယ္။ ေနာက္ၿပီးရင္ေတာ့ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ေပါ့။

အာဆင္နယ္က အေကာင္းဆုံးအားျဖည့္ထားႏိုင္ၿပီး ရာသီအႀကိဳမွာလည္း ေျခစြမ္းေကာင္းေတြျပထားႏိုင္တယ္။ အာဆင္နယ္ကို ဂ႐ုစိုက္ၾကည့္သင့္ပါတယ္။ သူတို႔က အာတီတာလက္ေအာက္မွာ အေကာင္းဆုံးစုစည္း ထားႏိုင္ၿပီး ဒီႏွစ္ေဘာလုံးရာသီမွာ တစ္စုံတစ္ရာဖန္တီးေပးႏိုင္မယ္လို႔ထင္ပါတယ္။

မန္စီးတီးရဲ႕ အားသာခ်က္ကေတာ့ ကြင္းထဲမွာ ဘာလုပ္ရမလဲဆိုတာကို ေကာင္းေကာင္းသိတဲ့ ေဘာလုံးသမားတစ္စု မွာဟာလန္းနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကိုေပါင္းထည့္ထားတာပါပဲ။ သူတို႔က ပရီးမီးယားလိဂ္နဲ႔ အသားက်ဖို႔လိုတယ္ဆိုေပမယ့္ ကစားသမားေကာင္းဆိုတာ အသားက်ဖို႔အခ်ိန္မလိုဘူးလို႔လည္း ဂြာဒီယိုာက ေျပာပါတယ္”ဟု အဂြဲ႐ိုးက ေျပာဆိုလိုက္သည္။

အာတီတာသည္လူငယ္ကစားသမားမ်ားႏွင့္တိုက္စစ္ဦးစားေပးသည့္ အသင္းတစ္သင္းကိုတည္ေဆာက္ ေနၿပီး ကစားသမားသစ္မ်ားထပ္ေခၚဦးမည္ဟုလည္းေျပာဆိုေနသည္။ အာဆင္နယ္သည္ ေသာၾကာေန႔ညတြင္ ပဲေလ့စ္အသင္းႏွင့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

အဂြဲ႐ိုးက ယခုႏွစ္ပရီးမီးယားလိဂ္တြင္အဲဗာတန္သည္လည္း အံ့ဩစရာမ်ားဖန္တီးလာႏိုင္ေၾကာင္းႏွင့္ စတားလင္းသည္ ေ႐ႊဖိနပ္ဆုရႏိုင္သည္ေၾကာင္း ေဟာကိန္းထုတ္လိုက္သည္။

Leave a Reply

Your email address will not be published.