ဘဏ္ဍာရေးပြဿနာပြေလည်ဖို့ ကွင်းထဲက ထိုင်ခုံတွေပါ ရောင်းချဖို့ပြင်နေတဲ့ ဘာစီလိုနာ ဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကတော့လျှော့ကျသွားတဲ့အနေအထားမှာမရှိသေးပါဘူး။ဘာစီလိုနာဟာဝင်ငွေရရှိလာစေရန်အတွက်နူးကမ့်ကွင်းမှထိုင်ခုံများကိုရောင်းချရန်စီစဉ်နေပါတယ်။ ဘာစီလိုနာဟာပြီးခဲ့တဲ့လများအတွင်းတွင်ဘဏ္ဍာရေးပြဿနာများစွာကြုံလာရတဲ့အသင်းဖြစ်ပါတယ်။ ၎င်းတို့ဟာလာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီလာစေရန်အတွက် လာမယ့်နွေရာသီမတိုင်မီအသုံးစရိတ်ယူရိုသန်း၂၀၀လျှော့ချနိုင်ရန်လိုအပ်နေပါတယ်။ ဘာစီလိုနာဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာကိုရှင်းနိုင်ဖို့အတွက်ဆာဂျီယိုဘက်စ်ကွက်၊ဂါဗီအပါအဝင်ကစားသမားများကိုရောင်းချခြင်း၊လမ်းခွဲခြင်းတို့ပြုလုပ်လာရဖို့ရှိနေပါတယ်။ ဒါ့အပြင်ဘာစီလိုနာဟာကလပ်ရဲ့ဝင်ငွေပိုရရှိလာစေရေးအတွက်နူးကမ့်ကွင်းမှထိုင်ခုံများကိုရောင်းချရန်စီစဉ်နေပါတယ်။ ဘာစီလိုနာဟာလာမယ့်နှစ်တွင်ဘဏ္ဍာရေးပြဿနာပိုကြုံရမဲ့အနေအထားမှာလည်းရှိနေပါတယ်။၎င်းတို့ဟာနူးကမ့်ကွင်းတွင်ပြန်လည်ပြုပြင်မွမ်းမံမှုပြုလုပ်နေစဉ်အတွင်းအိမ်ကွင်းပွဲစဉ်များကိုကွင်းသေးတဲ့ Estadi Olimpic Lluis Companys တွင်ကစားရပါမယ်။ Estadi Olimpic Lluis
Continue reading